လဲချား ဒီဇင်ဘာ ၃၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းတွင် ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ကျောင်းသား၊ ကျောင်းသူများလက်ဝယ်သို့ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၂ခုနှစ်၊ဇန်နဝါရီလ (၄)ရက်နေ့တွင်ကျရောက်မည့် (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များ၊၂၀-၁-၁၉၄၆ ရက်နေ့ အလယ်ပစ္စယံညီလာခံမှ ဗိုလ်ချုပ်အောင်ဆန်းပြောကြားသော မိန့်ခွန်းမှကောက်နုတ်ချက်၊မြန်မာ့လွတ်လပ်ရေးကာလ တစ်လျှောက် ချုပ်ဆိုခဲ့သောစာချုပ်များ၊၁၉၄၈ခုနှစ်၊ဇန်နဝါရီလ ၄ ရက်ပထမဆုံးသော လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးနုပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ မိန်းခွန်း ကောက်နုတ်ချက်များ၊ဖိုလေးလုံးသောင်းကိုကို ရေးသားသည့် တို့များဆင်မြန်းလွတ်လပ်ပန်း (ကဗျာ) စသည့်အကြောင်းအရာ ပါဝင်ကြောင်း သိရသည်။
လွှမ်းသူနောင် (လဲချား)