မိုင်းနောင် ဒီဇင်ဘာ ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြိုကျောင်းတွင်း အားကစားပြိုင်ပွဲကို ယမန်နေ့နံနက် ပိုင်းကစတင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ပြုလုပ်ကျင်းပရာတွင် ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၏ ကြီးကြပ် ဆောင်ရွက်မှုဖြင့် အထက်တန်းဆင့်များကို(ကျား)လွန်ဆွဲပြိုင်ပွဲ၊ (မ)ထုပ်စည်းတိုးပြိုင်ပွဲများ ပြုလုပ်ပေးပြီး အလယ်တန်း၊ မူလတန်းဆင့်များကို (ကျား)ဖားခုန်၊ အိတ်စွပ်ပြေး၊ ပုလင်းထောင်၊ (မ)စကောရွက်၊အပ်နဖားထိုး၊အာလူးကောက်ပြိုင်ပွဲများ၊ KG တန်း သားငယ်များအား မုန့်စား ပြိုင်ပွဲ၊ သမီးငယ်လေးများအားပူဖောင်းဖောက် ပြိုင်ပွဲများ ပြုလုပ်ပေးလျက်ရှိပြီး စာစီစာကုံး ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကိုလည်း ဆက်လက်ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရှိရ သည်။
ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား၂၀၂၂ ခုနှစ်ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း ကျောင်း အုပ်ဆရာကြီးဦးဇော်မြင့်သိန်းထံမှသိရှိရသည်။
မနန်း(မိုင်းနောင်)