ရန်ကုန်အနောက်ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန(ဗဟန်း) Community Centre၌ အိမ်တွင်းလက်မှုပညာ သင်တန်းကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၃၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်က ကြီးမှူးကျင်းပသော အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အမျိုးသမီးလူငယ်၊လူရွယ်များ အိမ်တွင်းမှုအတတ်ပညာများ ကျွမ်းကျင်စွာ တတ်မြောက်ပြီး မိမိတို့ကိုယ်တိုင်အိမ်တွင်းမှုလုပ်ငန်းများကို တီထွင်ဖန်တီးနိုင်စွမ်းရှိစေရန်အတွက် ယမန်နေ့နံနက် ၁၀နာရီတွင် လူထုအခြေပြုဗဟီုဌာန(ဗဟန်း) Community Centre ၌ပန်းကြယ်သီးထိုးနည်းသင်တန်းကို ကျင်းပရာ မြို့နယ်အတွင်းရှိ စိတ်ပါဝင်စားသူအမျိုးသမီးငယ်များ တက်​ရောက်သင်ကြားလျက်ရှိသည်။

အဆိုပါ အိမ်တွင်းမှုလက်မှုပညာသင်တန်းကို ကျန်းမာ​ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား​သော ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ရေးစည်းကမ်းချက်များနှင့်အညီ​ ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။ ထိုကဲ့သို့ အိမ်တွင်းမှုလက်မှု ပညာသင်တန်းများကို ပြည်သူ့စာကြည့်တိုက် Page ကနေတင်ပေးသွားမည်ဖြစ်ပြီး ဆက်လက်၍ ဗဟုသုတရဖွယ် အိမ်တွင်းလက်မှုပညာသင်တန်းများကိုလည်း ရန်ကုန်အနောက်ပိုင်း ခရိုင်ပြည်သူ့စာကြည့်တိုက် Page တွင် ဆက်လက်လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

​အောင်မြင့်(ပြန်/ဆက်)