ကြည့်မြင်တိုင် ဒီဇင်ဘာ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် နံနက် ၁၀ နာရီ မှ ၁ နာရီအချိန်အထိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဇော် ဦးစီးပြီး ပန်းခင်းစီမံချက်ဖြင့် အလတ်ချောင်း ရပ်ကွက်နေ ပြည်သူများအား သာဓုအနောက်ရပ်ကွက်၊ ပြည်လုံးချမ်းသာကျောင်းတိုက်၊ ပညာရောင်ခြည်ခန်းမသို့ ဖိတ်ခေါ်၍ အိမ်ထောင်စု လူဦးရေစာရင်း (၅)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၈)ဦး၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား လဲလှယ်သူ (၆)ဦး၊ မိတ္တူ (၈)ဦး၊ စုစုပေါင်း (၄၇) ခု ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရှိရ သည်။
မြို့နယ် (ပြန်/ဆက်)