အင်တောမြို့တွင်(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကစား ပြိုင်ပွဲကျင်းပ

အင်တော  ဒီဇင်ဘာ ၃၁

ရှမ်းပြည်နယ်တောင်ပိုင်း၊  အင်တောမြို့အခြေခံအထက်တန်းကျောင်းတွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပညာရေးဌာန၏စီစဉ်ကြီးကြပ်မှုဖြင့် ကလေးငယ်များ ကာယစွမ်းရည်နှင့် ဉာဏစွမ်းရည်မျာတိုးတက်ရေး၊ ကိုယ်ခန္ဓာကျန်းမာသန်းစွမ်းစေရေးနှင့် တစ်ဦးနှင်တစ်ဦးရင်းနှီးမှုရရှိစေရေး ရည်ရွယ်၍ အခြေခံကျောင်းများတွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိရာ အ-ထ-က အင်တောကျောင်းတွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ထုတ်ဆီးတိုးပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ အိတ်စွတ်ပြိုင်ပွဲ၊ ပူစီပေါင်းဖောက်ပြိုင်ပွဲများ ဆောင်ရွက်လျက်ရှိပြီး အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ၊ မူလတန်းအဆင့် ကျောင်းသားကျောင်းသူများအားလုံး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

အဆိုပါအားကစားပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသားကျောင်းသူများကို ၂၀၂၂-ခုနှစ်၊ လွတ်လပ်ရေးအကြိုနေ့တွင် ဆုများအသီးသီးပေးအပ်ချီးမြှင့်သွားဖြစ်ကြောင်း သိရသည်။

သန်းသန်းညွန့်(အင်တော)