မိုင်းငေါ့မြို့တွင် ၂၀၂၂ ခုနှစ်  နှစ်သစ်ကူး အထိမ်းအမှတ် နည်းဗျူဟာမှူးဒိုင်း ဘောလုံးပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ

မိုင်းငေါ့ ဇန်နဝါရီ  ၂

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အမှတ် (၁၀၁၁) နည်းဗျူဟာ စစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့  ၂၀၂၂-ခုနှစ်  နှစ်သစ်ကူး အထိမ်းအမှတ် နည်းဗျူဟာမှူးဒိုင်း ဘောလုံးပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့က မန်လုံရပ်ကွက် ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့‌ပါသည်။

အဆိုပါပြိုင်ပွဲကို မိုင်းငေါ့မြို့ရှိ ဌာနဆိုင်ရာများ၊ ကျောင်းသားများနှင့် မြို့ပေါ် (၅)ရပ်ကွက် မှ ဘောလုံး အသင်း စုစုပေါင်း ဘောလုံးအသင်း (၉)သင်း တို့မှ ဒီဇင်ဘာ (၂၉)ရက်နေ့မှ စတင်ယှဉ်ပြိုင် ကစားခဲ့ကြပြီး နောက်ဆုံးဗိုလ်လုပွဲကို ဇန်နဝါရီ (၁)ရက် နေ့တွင် ဈေးရပ်ကွက် အသင်းနှင့် မန်လုံရပ်ကွက် အသင်းတို့ယှဉ် ပြိုင်ကြရာ ဈေးရပ်ကွက် ဘောလုံးအသင်းမှ အနိုင်ရ ဗိုလ်စွဲသွားခဲ့ကြောင်းသိရသည်။

ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ မိုင်းငေါ့မြို့ ရှေးတန်းအမှတ်(၁၀၁၁) နည်းဗျူးဟာစစ်ဆင် ရေးကွပ်ကဲမှူး အဖွဲ့မှ ယာယီ နည်းဗျူးဟာမှူး ဒုတိယဗိုလ်မှူးကြီး စိုးမင်းအောင်က အမှာစကား ပြောကြားခဲ့ပြီး နောက် ပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သော ဈေးရပ်ကွက် ဘောလုံးအသင်း အား ‌ဆုချီးမြှင့်ငွေ ကျပ်(၁)သိန်း နှင့် ဒိုင်းဆု၊ ဒုတိယဆု ရရှိသော မန်လုံရပ်ကွက်အသင်းအား ဆုချီးမြှင့်ငွေ (၅)သောင်း၊ တတိယ ဆုရရှိသော အောင်မြေ (၁) အသင်းအား ဆုချီးမြှင့်ငွေ (၃)သောင်း နှင့်  ဂိုးသွင်းအများဆုံး ဆုရရှိခဲ့သည့် ဈေးရပ်ကွက် ဘောလုံးအသင်းမှ အိုက်မောင်နှင့် အကောင်းဆုံး ဂိုးသမားဆုရရှိခဲ့သည့် ဈေးရပ်ကွက် ဘောလုံးအသင်းမှ အိုက်မဲတို့အား တစ်ဦးလျှင်ငွေ ()သောင်းကျပ်ကို  ပေးအပ် ချီးမြှင့်ခဲ့ ကြောင်း တာဝန်ရှိသူတစ်ဦး ၏ ပြောကြားချက်အရ သိရသည်။

မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)