အမြို့မြို့အနယ်နယ်သတင်းများ

Jan 02,2022
ရန်ကုန်တိုင်းသေကြီး၊ တွံတေးမြို့နယ်၌ ပြည်သူအများ လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်ရေး၊ ဗိုလ်ချုပ်လမ်း၊ရွှေဆံတော်ဘုရားလမ်းမကြီးတို့၌ ပြန့်ကျဲနေသော အမြဲတမ်းစျေးရောင်းနေသည့် စျေးသည်များတစ်နေရာထဲမှာ တစ်စုတစ်စည်းဖြင့် စည်းကမ်းတကျ ရောင်းချရေး၊ စားသုံးသူ ပြည်သူအများ ကိုယ့်ဝယ်ယူလိုသော စားသုံးကုန်များ တစ်နေရာထဲမှာ ကြိုက်နှစ်သက်ရာကို စားသုံးနိုင်ရေး ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကာ တွံတေးမြို့ မင်းရဲကျော်စွာလမ်းမကြီး (ကမ်းနားနာရီစင်)တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ညနေ့(၃)နာရီတွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။
Jan 02,2022
ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး အတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်‌တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာများအရောက် နေ့စဉ်ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့နံနက်(၉)နာရီက  ပလူကျေးရွာအုပ်စုရှိ ကျေးရွာနေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက်လည်း ကျေးရွာအရောက် ကွင်းဆင်းပြုလုပ်ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
Jan 02,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီ စာကုံး၊ ပုံပြင်ပြောနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခြင်း အခမ်းနားကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
Jan 02,2022
ပဲခူးတိုင်း​ဒေသကြီး၊​ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌  ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်    မြောက်လွတ်လပ်ရေးနေ့အကြို အထိမ်း အမှတ်အဖြစ် အားကစားပြိုင်ပွဲများကို အားကစားခန်းမ၌ ဇန်နဝါရီ၂ရက် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 02,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သော အခြေခံရှေးဦးပြုစုခြင်း (၁/၂၀၂၂)သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဆည်ရွာ ကျေးရွာတောရ စလေကျောင်း၀င်းအတွင်းရှိ အနန္တဂုဏ်ရည်ဓမ္မာရုံတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Jan 02,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်ကြံခင်းမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို)အခြေခံပညာအဆင့် စာစီ စာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပခြင်းကို ယနေ့နံနက်(၉)နာရီခွဲ အချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အောင် ကျော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 02,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနCommunity Centre ခန်းမတွင် ယနေ့နံနက်၉ နာရီက ၊(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများအဖြစ် မူလတန်းအဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
Jan 02,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အ.ထ.က(ထန်းတပင်) အခြေခံပညာ အထက်တန်း ကျောင်းတွင် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို နှစ်စဉ် ကျင်းပပြုလုပ် လာလျက်ရှိပြီး ယခုနှစ် (၂၄) ကြိမ်မြောက်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှု အခြေအနေ များအရ အခမ်းအနားပုံစံဖြင့် ကျင်းပပြု လုပ် သွားမည်မဟုတ်ဘဲ အစဉ်အလာ မပျက် စေရေးအတွက် ငွေလွှဲစနစ် (Wave Money)ဖြင့် အပူဇော်ခံဆရာကြီး၊ ဆရာမကြီးများကို လှူဒါန်းပူဇော် ပေးသွားမည် ဖြစ်ကြောင်း အ.ထ.က(ထန်းတပင်) မြတ်ဆရာပူဇော်ပွဲ ကျင်းပရေးကော်မတီမှသိရသည်။