လွိုင်လင် ဇန်နဝါရီ ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် (၉)နာရီအချိန်က လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဓါတ်ပုံ၊ နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကျင်းပခဲ့ရာ ကျောင်းသား/ သူလေးများမှ ကြည့်ရှုလေ့လာခဲ့ကြသည်။
အဆိုပါ ဓါတ်ပုံ၊ နံရံကပ်စာစောင်ပြပွဲတွင် လွတ်လပ်ရေးနေ့ဆိုင်ရာ သိကောင်းစရာများ၊ မြို့နယ်အတွင်း လှုပ်ရှားမှု့မှတ်တမ်းများ၊ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးစာစောင်များ၊ ဌာနတွင်း လှုပ်ရှားမူမှတ်တမ်းများ၊ မူးယစ်ဆေးဝါး အသိပညာပေး ဓါတ်ပုံများအား ဝေဝေဆာဆာ ပြသထားကြောင်း သိရသည်။ ပြပွဲသို့တက်ရောက်လာကြသူများအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အယ်မင်း(လွိုင်လင်)