လဲချား ဇန်နဝါရီ ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့်အခြေခံပညာကျောင်းပေါင်းစုံ (ထက်၊ လယ်) စာစီစာကုံး ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီ အချိန်က လဲချားမြို့နယ်အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲကို မြို့နယ်အခြေခံပညာဦးစီးဌာနမှကြီးမှူး၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် “လွတ်လပ်ရေးအမွေ ထိန်းသိမ်းစို့” ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲသို့ လဲချားမြို့နယ်အတွင်းရှိ အခြေခံ ပညာလယ်တန်း၊ အထက်တန်းကျောင်းပေါင်းစုံမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၆) ဦးဝင်ရောက် ဖြေဆိုယှဉ်ပြိုင်ခဲ့ကြပြီး ဆုရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ (၄)ရက် နေ့တွင်ကျင်းပဆောင်ရွက်မည့် လွတ်လပ်ရေးနေ့အခမ်းအနားတွင်ဆုများ ပေးအပ်ချီးမြှင့်ပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
လွှမ်းသူနောင်(လဲချား)