ကော့သောင်းမြိုနယ်ရှိ အခြေခံပညာကျောင်းများတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများကျင်းပ

ကော့သောင်း   ဇန်နဝါရီ    ၂

ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများ ကျင်းပလျက် ရှိကြောင်းသိရသည်။

အထိမ်းအမှတ် အားကစားပြိုင်ပွဲများအား မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ကျောင်းများ အလိုက် အသင်းအဖွဲ့များစုဖွဲ့ကာ ဘော်လီဘော၊ မုန့်ကိုက်၊ ဂုံနီအိတ်စွတ် ပြေးပြိုင်ပွဲ၊ အာလူးကောက်၊ သံပိုးရိုက်၊ စကောရွက်၊ အမျိုးသမီး ထုပ်ဆီးထိုးပြိုင်ပွဲ၊ လွန်ဆွဲပွဲနှင့် အခြားအားကစားပွဲများအား ယှဉ်ပြိုင်ကျင်းပခဲ့ကြပြီး အားကစားပြိုင်ပွဲများ ကျင်းပခြင်းဖြင့် ကလေးများ၏ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ပြီး အသင်းအဖွဲ့အလိုက် စုပေါင်းဆောင်ရွက် တတ်သည့် အလေ့အကျင့်များ ရရှိနိုင်ရန်၊ ငယ်စဉ်ကတည်းက  အားကစားကို စိတ်ပါ ဝင်စားခြင်းဖြင့်  ကျောင်းနေပျော်ပြီး ထူးချွန်သည့် မျိုးဆက်သစ်လူငယ် အားကစားသမားများ ပေါ်ထွန်းရန် အထောက်အကူပြုနိုင်ရန် နေ့ထူးနေ့မြတ်များတွင် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲ ရွှင်ပွဲများ ကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)