မွန်ပြည်နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ဌာနပေါင်းစုံ အားကစားပြိုင်ပွဲကျင်းပ

မော်လမြိုင်     ဇန်နဝါရီ   ၂

ဇန်နဝါရီ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် မွန်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ပြည်နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများပူး​ပေါင်း ကာအားကစားနည်းများအလိုက် ဇန်နဝါရီ (၁) ရက်မှ (၄) နေ့ထိ မော်လမြိုင်မြို့၊ မင်းရွာကျေးရွာရှိ အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်) သင်တန်းကျောင်းဝင်းတွင် ကျင်းပမည်ဖြစ်ရာ ဇန်နဝါရီ ၁ ရက်မှ စတင်ပြီး ပွဲစဉ်ထမရက်အဖြစ် ပါဝင်ယှဉ်ပြိုင်ရမည့် ဌာနဆိုင်ရာများအား သတ်မှတ်ကစားနည်းများအလိုက်ကျင်းပ​ပေးသည်။

အဆိုပါ အထိမ်းအမှတ်ပြိုင်ပွဲတွင် ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ လွန်ဆွဲပွဲ၊ ထုတ်ဆီးထိုးနှင့် မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀အပြေးပြိုင်ပွဲ အားကစားနည်းများကို ယှဉ်ပြိုင်ကြရမည်ဖြစ်ပြီး ပွဲစဉ်ထမရက်တွင် ဘော်လီဘောပြိုင်ပွဲ၌ ဌာနဆိုင်ရာ အသင်း(၆)သင်း၊ ထုပ်ဆီးထိုးပြိုင်ပွဲ၌ အသင်း(၅)သင်းနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ အသင်း(၁၄)သင်းတို့က အသီးသီးပါဝင် ယှဉ်ပြိုင်ကြမည်။

မွန်ပြည်နယ်တွင် မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားစေရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူကာ မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေး မွေးထုတ်ပေးလျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့မှ အားကစားဝါသနာပါသူများအား ကျန်းမာကြံ့ခိုင်မှု အရည်အသွေးပြည့်ဝမှုနှင့် စိတ်ဓာတ်ရေးရာမြင့်မားရေးဘက်စုံ၊ထောင့်စုံမှ အားကစား နည်းများအလိုက် လိုအပ်သည်များကို ပံ့ပိုးပေးလျက်ရှိသကဲ့သို့ အလားတူဌာန ဆိုင်ရာဝန်ထမ်းများ အချင်းချင်း ရင်းနှီးချစ်ကြည် စည်းလုံးညီညွတ်စွာဖြင့်အားကစားနည်းများ ပါဝင်ယှဉ်ပြိုင်နိုင်အောင် ပံ့ပိုးကူညီဆောင်ရွက်ပေးသည်။ စုပေါင်းအားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းသည်ဌာနဆိုင်ရာဝန်ထမ်းများ အနေဖြင့်ရုံးလုပ်ငန်းများအပြင် ကိုယ်ကာယ၊ ဉာဏစွမ်းရည်များ ပြည့်ဝပြီး အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဖြင့်ညီညွှတ်မှုအားရရှိစေရန်စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)