မိုးညို ဇန်နဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများ၊ အားကစားဝါသနာရှင်များပူးပေါင်း၍ အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီ အချိန်မှစ၍ မိုးညိုမြို့၊ ပြည်သူ့အားကစားကွင်းတွင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အားကစားပြိုင်ပွဲများ ပြုလုပ်လျက်ရှိရာ ယနေ့တွင် ဖူဆယ်ဘောလုံးပြိုင်ပွဲ အသင်း(၁၀)သင်းနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ (၁၀)သင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အာလူးကောက်၊ သံပုံးရိုက်၊ မုန့်စား ပြိုင်ပွဲ၊ လွန်ဆွဲပွဲ၊ အလျားခုန်၊ သုံးချောင်းထောက်၊ အိတ်စွပ်နှင့် မီတာ (၁၀၀) အပြေးပြိုင်ပွဲများ ကို ဇန်နဝါရီ ၄ ရက်နေ့နံနက်ပိုင်းတွင် ဆက်လက်ပြုလုပ်သွားမှာဖြစ်ပြီး ညနေပိုင်းတွင် ဆုရရှိသော အားကစားသမားများအား ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
ကိုမင်း(မိုးညို)