မြို့သစ် ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်မြို့သစ်မြို့မြို့မ အလယ်တန်းကျောင်းခွဲ ကျောင်းမြေနေရာ တွင်(၉၀'×၃၀')RCC(၂)ထပ်ကျောင်းဆောင်သစ်ကို ဆောက်လုပ်လျက်ရှိရာပြီး စီးရန်(၁၀) ရာခိုင်နှုန်းသာလိုတော့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့သစ်မြို့ မြို့မအလယ်တန်းကျောင်းခွဲ (၉၀'×၃၀') RCC (၂)ထပ် ကျောင်းဆောင်သစ် တည်ဆောက်ခြင်းကို ၂၀၂၀၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုငွေကျပ် (၁၃၃ဒသမ၃၈)သန်းဖြင့် တင်ဒါ အောင်မြင်သော ခင်ဇော်တိုးကုမ္ပဏီက တာဝန်ယူဆောက်လုပ်ခြင်းဖြစ်ပြီး ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းအား စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အရည်အသွေးစစ်ကော်မတီ၊ ပညာရေးဦးစီးဌာနနှင့် တာဝန်ရှိသူတို့က ကြီးကြပ်ဆောင်ရွက်ခဲ့ရာ ယခုအခါပြီးစီးရန် (၁၀)ရာခိုင်နှုန်းသာလိုတော့ကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)