Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သီပေါမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ပြုလုပ်ဆောင်ရွက်
Jan 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ယနေ့နံနက်(၉) နာရီအချိန်က ရပ်ကွက်နှင့်ကျေးရွာများရှိ မွေးကင်းစမှ တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးခြင်းကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျဉ်းမပင်မွေးမြူရေးခြံ၌ (ပထမအကြိမ်) မြန်မာ့ နွားသိုးအလှ၊ နို့စားနွား၊ အသားစား နွား၊ သိုးနှင့် ဆိတ်ပြိုင်ပွဲဖ…
Jan 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ပျဉ်းမပင်မွေးမြူရေးခြံ၌ (ပထမအကြိမ်) မြန်မာ့နွားသိုးအလှ၊ နိုးစားနွား၊ အသားစားနွား၊ သိုးနှင့်ဆိတ် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Jan 03,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် (၁၁) နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူ အသင်းနှင့် ပူးပေါင်း၍ စာရေးဆရာနတ်သျှင် (ရွှေဂူ) ၏ "လူငယ်များကိုပျိုးထောင်ပေးပ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲဆောင်ရွက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပ
Jan 03,2022
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကရင်သက္ကရာဇ် ၂၇၆၁ခု နှစ်၊ ပြာသိုလဆန်း (၁) ရက်နေ့တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ယမန်နေ့က လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပင်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Jan 03,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ မြို့တော်ခန်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီ မိနစ် ၃၀ က Sinoparm တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ဟိုပင်မြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈ အုပ်စုရှိ အသက် ၁၈ နှစ်အထက် ကာကွယ်ဆေးမထိုးရသေးသော ပြည်သူ ၁၃၆ ဦးနှင့် အ.ထ.က ဟိုပင်၊ အ.ထ.က စက်ကုန်း၊ အ.ထ.က မြသီတာ၊ အ.ထ.က တကွင်း ၊ အ.ထ.က မြို့သစ်ကလေးနှင့် အ.ထ.က ရွာသစ်ကြီး ၊ အ.လ.ကခွဲ မြေနု၊ အ.လ.ကခွဲ အနောက် ၊ အ.လ.က အင်းလေး၊ အ.လ.က ခွဲ နန့်ရင်း ၁နှင့် အ.လ.က အရှေ့ကွက်သစ်ကျောင်းများမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသည့် အသက်၁၂ နှစ်နှင့်အထက် ကျောင်းသားကျောင်းသူ ၄၈၀ ဦးကို ဆက်လက်ထိုးနှံပေးခဲ့ပြီး အပြည့်ထိုးနှံပြီးသည့် ကျောင်းသားကျောင်းသူ ၁၄၀၀ ဦးကျော်ရှိပြီးဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့၊ ပေါက်လောက်ကျေးရွာအုပ်စုတွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်
Jan 03,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ပေါက်လောက်ကျေးရွာအုပ်စုတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလ)အတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသော အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့ကပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါ့သရောက်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jan 03,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဂုဏ်ပြုထုတ်ဝေသည့်၊ သတင်းစကားလက်ကမ်း စာစောင်များကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးနှင့်ဝန်ထမ်းများက၊ ယနေ့နံနက်(၁၀)နာရီက ငါ့သရောက်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများထံ ဖြန့်ဝေပေးခဲ့ကြ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ် ခိုဖိတ်ကျေးရွာရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၃)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်
Jan 03,2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) (၃)လအတွက် နမ္မတူမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်လျက်ရှိရာ ယမန်နေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ခိုဖိတ်ကျေးရွာ၌ လူမှုရေးပင်စင်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23279
Page
23280
Page
23281
Page
23282
Current page
23283
Page
23284
Page
23285
Page
23286
Page
23287
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department