အမြို့မြို့အနယ်နယ်သတင်းများ

Jan 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို Talk Show ကို ယနေ့  နံနက်(၁၁)အချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။
Jan 03,2022
ပဲခူးတိုင်းဒေသကြီး၊ပေါက်ခေါင်းမြို့တွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက စတင်၍ မြို့နယ်အားကစားကွင်းနှင့် အားကစားခန်းမတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 03,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦး စီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ယမန်နေ့ နံနက်ပိုင်း က ပွင့်ဖြူမြို့နယ် ကံဆွယ်အုပ်စုကျေးရွာသို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်လိုသော ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအခမဲ့ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Jan 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ဟိုင်းကြီးကျွန်းမြို့တွင် ၂၀၂၂ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက် မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် "သတင်းစကား" လက်​ကမ်း​စာစောင် ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ က ယနေ့နံနက်ပိုင်းတွင် လူစည် ကားရာနေရာများ၌  ဖြန့်ဝေပေးခဲ့သည်။
Jan 03,2022
အခါတပါးက မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် သုနာပရန္တတိုင်း ဝါဏိဇ္ဇဂါမရွာမှ မဟာပုဏ္ဏနှင့် စူဠပုဏ္ဏကုန်သည် ညီနောင်နှစ်ယောက်ရှိရာ အစ်ကိုဖြစ်သူ မဟာပုဏ္ဏ သူကြွယ်သားသည် လှည်းပေါင်းငါးရာနှင့် ကုန်လှည့်လည် ရောင်းဝယ်ရင်း မဇ္ဈိမဒေသ ကောသလတိုင်း သာဝတ္ထိပြည်သို့ ဆိုက်ရောက်ခဲ့လေသည်။
Jan 03,2022
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို ကျောင်းတွင်း အားကစားပြိုင်ပွဲများနှင့် ကျပန်စကား ပြောပြိုင်ပွဲကို အခြေခံပညာကျောင်းများတွင် ကျင်းပလျက်ရှိရာ ယနေ့ နံနက်၈ နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)လွှစင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jan 03,2022
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ်အကြို နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများအား ယနေ့နံနက် (၁၀) နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ဌာနဆိုင်ရာရုံးများနှင့် မြို့မဈေး လူစည်ကားရာနေရာများတွင် ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။