အမြို့မြို့အနယ်နယ်သတင်းများ

Jan 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ပန်းတောင်းမြို့နယ် တွင်ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်း အမှတ် သတင်းစကားလက်ကမ်း စာစောင်ကို ယနေ့နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Jan 03,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များဖြစ်လာ စေရန်နှင့် မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန် ထက်မြက်ပြီး နောင်တစ်ချိန်တွင် နိုင်ငံတော်ကအားထားရသည့် လူချွန်လူကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အထက (တာချီလိတ်) ခန်းမဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jan 03,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ရှင်သာမဏေစောင့်ရှောက်ရေးအဖွဲ့သည် ဒီဇင်ဘာလ ၅ရက်နေ့ က မြို့မကျောင်းကြီး၌ သံဃာတော် ၆ပါး၊ ရှင်သာမဏေ ၃ပါးနှင့် သီလရှင် ၇ပါး အားဆေးပစ္စည်းနှင့် လှူဖွယ်ဝတ္တုများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ယနေ့ညနေ ၂နာရီတွင် မာန်အောင်မြို့ မဟာဓမ္မိကာရုံကျောင်းတိုက်ရှိ သံဃာတော် ၃ပါး၊ ရှင်သာမဏေ ၄ပါးနှင့် သီလရှင် ၂ပါးတို့အား ဆေးပစ္စည်းနှင့် လှူဖွယ်ဝတ္တုများကို ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Jan 03,2022
ပျော်ဘွယ်မြို့နယ်တွင် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အာယုသုခ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကို ဇန်နဝါရီလ (၃)ရက်၊ နံနက်(၁၀)နာရီက ရွှေပြည်ရန်အောင်ရပ်ကွက်၊ ဝန်ထမ်းအိမ်ယာအနီးရှိ အဆိုပါစက်ရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 03,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် (၇၄)နှစ်မြောက် လွပ်လပ်ရေးနေ့အကြို အသက်(၁၃)နှစ်အောက် ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ကျောက်တိုင်ကွင်းတွင် ကျင်းပပြုလုပ်သည်။
Jan 03,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊မိုင်းငေါ့မြို့တွင် ယမန်နေ့နံနက် (၉)နာရီအချိန် ခန့်က Sinopharm အမျိုးအစား ကာကွယ်ဆေး အသက် (၁၈)နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ  ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jan 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး လုပ်ငန်းများအား ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။