(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေး

ကျောင်းကုန်း   ဇန်နဝါရီ   ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား  မြို့မဈေးနှင့် လူစည်ကားရာ နေရာများ၊  အ.ထ.ကကျောင်းတို့၌ ယနေ့နံနက်ပိုင်းက အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။

ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဦးစီးဌာန(ရုံးချုပ်)က ထုတ်ဝေသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် သတင်းစကား  လက်ကမ်းစာစောင်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုး သားရေး ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း  ပြောကြားခဲ့သော မိန့်ခွန်း‌ကောက်နှုတ်ချက်၊ ၁၉၄၈ ခုနှစ် ဇန်နဝါ ရီလ (၄)ရက်နေ့တွင် ဝန်ကြီးချုပ်ဦးနု ပြောကြားခဲ့သော မိန့်ခွန်းကောက်နှုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နုတ်ချက်၊ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက်  ချုပ်ဆိုခဲ့သော စာချုပ်များ၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် "တို့များဆင်မြန်း လွတ်လပ်ပန်း"ကဗျာ၊ ကာတွန်းနှင့် သိမှတ်ဖွယ်ရာများပါဝင်သည့် သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်၍ ကျောင်းများ၊ လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)