လွိုင်လင် ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် အားကစားကွင်းအတွင်း ယနေ့နံနက် ၁၀ နာရီအချိန်မှစတင်ကာ အားကစားပြိုင်ပွဲများအား ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မီတာ (၁၀၀/၅၀) အပြေးပြိုင်ပွဲများတွင် အခြေခံပညာကျောင်းများမှ ကလေးငယ်လေး များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲဝင်ကလေးငယ်များနှင့် လာရောက်အားပေး ကြည့်ရှုသူများ အား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများမှ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အယ်မင်း(လွိုင်လင်)