ပုံပါကျင် ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ယနေ့မွန်းလွဲ ၁နာရီအချိန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အဆိုပါပြပွဲတွင် ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးက (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ် စာစောင်များ ခင်းကျင်းပြသရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးဒေသခံပြည်သူ စာပေဝါသနာ ရှင်များအနေဖြင့် ကြိုက်နှစ်သက်ရာ စာအုပ်စာစောင်များကို ပြည်သူ့စာကြည့်တိုက်တွင် အခမဲ့လာရောက်ငှားရမ်းဖတ်ရှု့နိုင်ကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် Community Centre ခန်းမတွင် ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ် စာစောင်များနှင့် နံရံကပ်စာစောင်များအား ဒေသခံပြည်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြောင်းသိရသည်။
သန္တာ(ပြန်/ဆက်)