မြစ်ကြီးနားမြို့၌ အသစ်ဆောက်လုပ်နေသည့် ပုဂ္ဂိလပိုင် တိရစ္ဆာန်ဥယျာဉ်အား ကွင်းဆင်း စစ်ဆေး

မြစ်ကြီးနား     ဇန်နဝါရီ  ၃

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အကျဲကျေးရွာအုပ်စု လွယ်ခေါကျေးရွာတွင် အသစ်ဆောက် လုပ်နေသည့် ပုဂ္ဂလိကပိုင် တိရစ္ဆာန်ဥယျာဉ်နှင့် အပန်းဖြေစခန်း ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် နာရီက ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဥက္ကာ၊ ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦး​​အောင်ခိုင်စိုး၊ ပြည်နယ်တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန  ညွှန်ကြားရေးမှူး ဒေါက်တာသန်းအေးနှင့် အဖွဲ့ဝင်တို့က တိရစ္ဆာန်ဥယျာဉ်နှင့် အပန်းဖြေစခန်းအတွင်း တည်ဆောက်နေမှု အခြေအနေများ၊ တောရိုင်းတိရစ္ဆာန်မွေးမြူထားရှိမှု အခြေအနေများ၊ အပန်းဖြေဥယျာဉ်တွင်း တည်ဆောက်ထားသည့် ရေကူးကန်များ၊ နားနေဆောင်များနှင့် စားသောက်ဆိုင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ တိရစ္ဆာန်ဥယျာဉ်နှင့် အပန်းဖြေစခန်းကို ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဒေသခံများနှင့် ခရီးသွားဧည့်သည်များ ဝင်ကြေး ကလေး ၃၀၀၀ ကျပ်နှင့် လူကြီး ၄၀၀၀ ကျပ်ဖြင့် ဥယျာဉ်အတွင်း စိတ်ကြိုက် လည်ပတ်နိုင်မည်ဖြစ်ကာ  အဆိုပါဥယျာဉ်သည် ဧကခန့် ကျယ်ဝန်းပြီး ငွေကျပ် သိန်း ၁၅၀၀ ကျော် အကုန်အကျခံကာ တည်ဆောက်သွားမည်ဖြစ်ကြောင်း Victory garden တာဝန်ခံ ဒေါ်အားလုံထံမှ သိရှိရသည်။

ယော်ဆောင်(ပြန်/ဆက်)