ရန်ကုန် ဇန်နဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ အ.ထ.က(သုဝဏ္ဏ) ကျောင်းတွင် ယနေ့ နံနက် ၁၁ နာရီက လူငယ်များ အစဉ်ထာဝရ မမေ့အပ်သော လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရပ်ကပ်စာစောင် ပြပွဲနှင့် စာအုပ်ပြပွဲပြသခဲ့ကြောင်း သိရသည်။
အဆိုပါ နံရပ်ကပ်စာစောင်နှင့် စာအုပ်ပြပွဲတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း မိန့်ကြားခဲ့သော မိန့်ခွန်းကောက်နှုတ်ချက်များ၊ လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများ၊ လွတ်လပ်ရေးကြိုးပမ်းမှု ကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းအကျဉ်းစသည့် လွတ်လပ်ရေး၏ အဓိပ္ပာယ်၊ လူငယ်များ သိသင့် သိထိုက်သော ဆောင်ပုဒ်များ၊ စကားစုများ၊ စာအုပ်စာစောင်များ ပြသထားရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
စန္ဒာမိုး(ပြန်/ဆက်)