ရွှေသောင်ယံ ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက် (၁၀)နာရီက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့၌ ရောက်ရှိမည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ပြည်သူများကြား လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အ-ထက(ရွှေသောင်ယံ) စာသင်ကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ၊ ရပ်ကွက်အတွင်းရှိ လမ်းသွား၊ လမ်းလာများ ပြည်သူများ၊ လက်ဖက်ရည်ဆိုင်များ စသည်ဖြင့် လိုက်လံဖြန့်ဝေပေးခဲ့ရာ ပြည်သူများ မှစိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ အမျိုးသား ညီညွတ်ရေး၊(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၄)ရပ်၊ လွတ်လပ်ရေးကို ကာကွယ်ရမယ်၊ တို့များဆင်မြန်း လွတ်လပ်ပန်း၊ ပြည်သူတွေရဲ့အင်အားသည်သာအဓိက၊ ကမ္ဘာတည်သရွှေ့စောင့်ရှောက် စသည့် ခေါင်းစဉ်များဖြင့် ကဗျာများ၊ စာစုများကို ထည့်သွင်းဖေါ်ပြထားသည်။
ကိုကိုမောင်
ရွှေသောင်ယံ(ပြန်/ဆက်)