ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန် ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း(Mask)များ (အခမဲ့)ဖြန့်ဝေခြင်းနှင့် ပြည်သူ့အကျိုးပြု စုပေါင်းသန်းရှင်းရေး ဆောင်ရွက်ခြင်းများ ပြုလုပ်

ဘူးသီးတောင် ဇန်နဝါရီ ၃

ရခိုင်ပြည်နယ်၊  ဘူးသီးတောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ ဦးဆောင်၍ ဌာနဆိုင် ရာ အကြီးအကဲများပူးပေါင်းကာ အမှတ်(၁) ရပ်ကွက် အနောက်ကွင်းစျေး၌ ယနေ့နံနက်(၈)နာရီ အချိန်က လမ်းသွားလမ်းလာပြည်သူများနှင့် မြို့မစည်ပင်သာယာစျေးသို့ဈေးရောင်း/ဈေးဝယ် ပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်း၊ နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေခြင်းနှင့်ပြည်သူ့အကျိုးပြုစုပေါင်းသန်းရှင်းရေးဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် လမ်းသွား/လမ်းလာပြည်သူများနှင့် ဈေးအတွင်းရှိ ဈေးရောင်း/ဈေး ဝယ် ပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာတွင် နှာခေါင်းစည်း(Mask)မဖြစ်မနေ တပ်ဆင်ကြရန် အသိပညာပေးပြောကြားခြင်း၊ (Mask)(၁၀၀၀)အခမဲ့ ဖြန့်ဝေပေးပြီး မိမိရပ်ရွာ သန့်ရှင်းသာယာစေရေးပြည်သူ့အကျိုးပြုလုပ်ငန်း စုပေါင်းသန်းရှင်းရေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 လှကျော်( ပြန်/ဆက်)