အမြို့မြို့အနယ်နယ်သတင်းများ

Jan 03,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်ရပ်ကွက်၊ ဝန်းသိုဘုန်းကြီးကျောင်းဝန်းအတွင်း၌ (၇၄)နှစ်မြာက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းအား ယမန်နေ့နေ့လယ် (၁)နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယင်းသန့်ရှင်းရေး ပြုလုပ်သည့်နေရာသည် စွယ်တော်တိုက် စေတီတော်အား ကိုးကွယ်ပူဇော် တည်ဆောက်မည့် မြေနေရာဖြစ်ကြောင်းလည်း သိရှိရသည်။
Jan 03,2022
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)အဖွဲ့သို့ အစားအသောက် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အသုံးပြုနိုင်ရန် ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေး အပ်ခြင်းကို ယနေ့ နံနက်(၁၀) နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
Jan 03,2022
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုသည့် အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်း မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အလွတ်တန်း (၂) ယောက်တွဲပိုက်ကျော်ခြင်း ပြိုင်ပွဲရှုံးထွက်ပွဲစဉ်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ရှိ ပိုက်ကျော်ခြင်း ကွင်းတွင် ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ပြုလုပ်ခဲ့သည်။
Jan 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ် ၆ ရပ်ကွက်၊ အောက်မင်္ဂလာလမ်း ရှိ ပိုက်ကျော် ခြင်းကွင်း၌ ယနေ့နံနက် ၉ နာရီ အချိန်မှစ၍ ကျောက်မဲမြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံပိုက်‌ကျော်ခြင်း ပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
Jan 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက် (၁၀)နာရီက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့၌ ရောက်ရှိမည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ပြည်သူများကြား လိုက်လံဖြန့်ဝေပေးခဲ့ ကြသည်။
Jan 03,2022
ရခိုင်ပြည်နယ်၊  ဘူးသီးတောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ ဦးဆောင်၍ ဌာနဆိုင် ရာ အကြီးအကဲများပူးပေါင်းကာ အမှတ်(၁) ရပ်ကွက် အနောက်ကွင်းစျေး၌ ယနေ့နံနက်(၈)နာရီ အချိန်က လမ်းသွားလမ်းလာပြည်သူများနှင့် မြို့မစည်ပင်သာယာစျေးသို့ဈေးရောင်း/ဈေးဝယ် ပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်း၊ နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေခြင်းနှင့်ပြည်သူ့အကျိုးပြုစုပေါင်းသန်းရှင်းရေးဆောင်ရွက်ခဲ့သည်။
Jan 03,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် အားကစားကွင်းအတွင်း ယနေ့နံနက် ၁၀ နာရီအချိန်မှစတင်ကာ အားကစားပြိုင်ပွဲများအား ကျင်းပပြုလုပ်ခဲ့သည်။