နောင်ချို ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်း အသင်း၌ အရုဏ်ဆွမ်းလောင်းလှူမှုများကို နေ့စဉ်မပြတ် လှူဒါန်းလျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်းကို ၁၆.၈.၂၀၀၆ တွင် စတင်တည်ထောင်ခဲ့ ပြီး မြို့တွင်းဘုန်းတော်ကြီးကျောင်း ခုနှစ်ကျောင်းမှ သံဃာတော်အပါး တစ်ရာကျော်အား အရုဏ်ဆွမ်း များနေ့ စဉ်ဆက်မပြတ် လောင်းလှူလျက်ရှိကာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် အကြိမ်ရေ ၄၇၂၈ ကြိမ် လောင်းလှူခဲ့ပြီးဖြစ်သည်။
အဆိုပါ အရုဏ်ဆွမ်းလောင်းလှူသည့် သံဃာဒါနဆွမ်းလောင်းအသင်းသို့ နောင်ချိုမြို့နယ်သူ၊ မြို့နယ် သားများမှ နေ့စဉ်မပြတ် မိမိတို့အစီအစဉ်ဖြင့် လာရောက်လောင်းလှူမှုများ ရှိသည့်အပြင် ရပ်နီး၊ ရပ်ဝေးမှလှူ ဒါန်းလိုသူများမှလည်း ပင်မအလှူရှင်အဖြစ် တစ်ရက်တာ အရုဏ်ဆွမ်းအတွက် အလှူငွေ ကျပ် ရှစ်သောင်းတိတိ လှူဒါန်းလျက်ရှိကြောင်း၊ ပင်မအလှူရှင် မရှိသည့်နေ့များတွင် သံဃဒါန ဆွမ်းလောင်းအသင်းမှ လောင်းလှူလျက်ရှိကြောင်း ဆွမ်းလောင်းအသင်းထံမှ သိရသည်။
ထွေးငယ်၊ (ပြန်/ဆက်)