ပုလော ဇန်နဝါရီ ၄
အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၃ နာရီ ညနေ ၃ နာရီက ပုလော မြို့ နယ်မီးသတ် ဦးစီးဌာနရုံး၌ ကျင်းပသည်။
ဖွင့်ပွဲ အခမ်းအနားတွင် ပုလော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်စိုးက မီးဘေး အန္တရာယ် ကာကွယ်နိုင်ရန် အတွက် မီးဘေး ကာကွယ် ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များ တိုးချဲ့ ဖွဲ့စည်းရန်နှင့် အရည်အသွေးပြည့်ဝ ထက်မြက်အောင်ခေတ်နှင့်အညီ တိုးတက် ပြောင်းလဲလာသော မီးသတ် ပညာရပ်များကို မီးသတ်တပ်ဖွဲ့ဝင်တိုင်း သိရှိတက်မြောက်ထားရန် အတွက် လေ့ကျင့်ရေး ကို ဦးစားပေး ဆောင်ရွက်သွားရန်လိုကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၏ ရည်မှန်းချက် ဖြစ်သော မီးဘေး လုံခြုံရေး၊ သဘာဝ ဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်း နှင့်ပြည်သူ့အကျိုး ပြုဆောင်ရွက်ရေးလုပ်ငန်းများကို စွန်စွန့်စားစား၊ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သော တပ်ဖွဲ့ဝင်များကိုလည်း နိုင်ငံတော်က စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်များ ချီးမြှင့် လျက်ရှိကြောင်း၊ သင်တန်းက သင်ကြားပေးလိုက်သော သင်ခန်းစာများကိုလည်း စိတ်ဝင်တစား လေ့လာ သင်ကြားပြီး ပိုမိုကျွမ်းကျင်အောင် လေ့ကျင့်ကြရန်လိုကြောင်း၊ နိုင်ငံတော် အေးချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီးဖြစ်အောင် တည်ဆောက်ရေး ဆိုသည့် ရည်မှန်းချက် ပန်းတိုင်ကို မျက်ခြေ မပြတ် ရန်အတွက် အစိုးရ၊ပြည်သူတို့နှင့်အတူ ဝိုင်းဝန်း ဆောင်ရွက်ကြရန်လိုကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့ပြီး သင်တန်းသားများအား အရန်မီးသတ် တူညီ ဝတ်စုံများ ပေးအပ်ခဲ့သည်။
ထိုနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပုလောမြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီ ရဲမှူး လေးမြင့်က အရန်မီးသတ် တပ်ဖွဲ့ဝင် တာဝန်များကို ၂၅ နှစ် တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့သည့် အရန်မီးသတ် တပ်ဖွဲ့ဝင် (၃) ဦး ကို ဂုဏ်ပြုမှတ်တမ်း ချီးမြှင့်ခဲ့သည်။
သင်တန်းကို သင်တန်းသား(၅၀)ဦးဖြင့် စစ်ရေးပြသင်ကြားခြင်း ရည်ရွယ်ချက်၊ မီးသတ်တပ်ဖွဲ့ ရည်ရွယ်ချက် စွမ်းရည်(၄)ရပ်၊ အဓိကတာဝန်ကြီး(၅)ရပ်၊ စစ်ဝတ်တန်ဆာဝတ်ဆင်ရခြင်း အကျိုး ကျေးဇူး၊ မီးလောင်မှု အခြေခံသဘောတရား၊ မီးလောင်သည့်အကြောင်းအရင်း(၁၀)ချက်၊ ရေအကြောင်း အခြေခံ သဘောတရား၊ အရန်မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းရခြင်းအကြောင်းနှင့် လုပ်ငန်း တာဝန်များ၊ အခြေခံ ကြိုးချည်နည်း၊ မီးငြှိမ်းသတ်ရေး ကိရိယာကိုင်တွယ်အသုံးပြုနည်း၊ ရှေးဦးသူနာ ပြုစုနည်း၊ ကယ်ဆယ်နည်း အမျိုးမျိုး၊ မီးသတ်တပ်ဖွဲ့ ဥပဒေစသည့် ဘာသာရပ်များကို ဇန်နဝါရီ(၃)ရက်နေ့မှ (၂၈)ရက်နေ့ အထိစာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
အေးအေးမော် (ပုလော)