ဂန့်ဂေါ ဇန်နဝါရီ ၄
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အလေးပြုခြင်း အခမ်းအနားကို ယနေ့နံနက် ၄ နာရီ မိနစ်၂၀ တွင် ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပန်းခြံ လွတ်လပ်ရေး ကျောက်တိုင်ကွင်း၌ ကျင်းပပြီး သဝဏ်လွှာဖတ်ခြင်းအခမ်းအနားကို ဂန့်ဂေါမြို့ မြစ်သာခန်းမ၌ နံနက် ၇ နာရီတွင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် လွတ်လပ်ရေးနေ့သဝဏ်လွှာကို ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးက ဖတ်ကြားသည်။
အဆိုပါအခမ်းအနားသို့ ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲမင်းသူ၊ ဂန့်ဂေါမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်နိုင်အေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းနိုင်နှင့် ဌာနဆိုင်ရာ အကြီး အကဲများ တက်ရောက်ကြသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)မှ သတင်းစကားလက်ကမ်းစာစောင်ကိုထုတ်ဝေခဲ့ရာ အဆိုပါအခမ်းအနားသို့ တက်ရောက်လာ ကြသူများထံ ဂန့်ဂေါခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)