စဉ့်ကိုင်မြို့နယ်တွင် (၇၄)နှစ်မြှောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့်သဝဏ်လွှာဖတ်ကြား

စဉ့်ကိုင်     ဇန်နဝါရီ     ၄

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏  (၇၄)နှစ်မြှောက် လွတ်လပ်ရေးနေ့    နိုင်ငံတော်အလံတင်  အခမ်းအနားကို   မန္တလေးတိုင်းဒေသကြီး ၊  ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်    မြသီတာပန်းခြံအတွင်းရှိ  လွတ်လပ်ရေးကျောက်တိုင်တွင် ယနေ့နံနက် (၄)နာရီမိနစ်(၂၀)တွင်ကျင်းပခဲ့ရာမြန်မာနိုင်ငံရဲတပ်ဖွဲ့မှတာဝန် ရှိသူများက နိုင်ငံတော်အလံအား တိုင်အပြည့်လွှင့်ထူ ပေးပြီး တတ်ရောက်လာသူများက နိုင်ငံတော်အလံအား  အလေးပြုခဲ့ကြကြောင်းသိရသည်။

ဆက်လက်၍  နံနက်(၇)နာရီ၌   မြသီတာပန်းခြံအတွင်းရှိ  လွတ်လပ်ရေးကျောက်တိုင်တွင်   သဝဏ် လွှာဖတ်ကြားပွဲ  အခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှပေးပို့သော၂၀၂၂ ခုနှစ်၊ (၇၄)နှစ် မြှောက်လွတ်လပ်ရေးနေ့သဝဏ်လွှာအား   မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်  က ဖတ်ကြားခဲ့သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊မြို့နယ်အဆင့် ဌာနဆိုင်ရာမှ   အကြီးအကဲများ၊မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့၊မြို့နယ်မိခင်နှင့် ကလေးစောင့် ရှောက်ရေး အသင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ပရဟိတအသင်းအဖွဲ့များ တတ်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန(ရုံးချုပ်) မှ  ထုတ်ဝေသော  (၇၄)နှစ်မြှောက်  လွှတ်လပ်ရေးနေ့အထိမ်းအမှတ်   သတင်းစကား လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ရာ   (၇၄)နှစ်မြှောက်    လွှတ်လပ်ရေးနေ့   အခမ်းအနားကို ကိုဗစ်- ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအနေဖြင့်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့်  ညွှန်ကြားချက်များနှင့်  အညီကျင်းပခဲ့ကြောင်း သိရသည်။

အောင်ပိုင်ပိုင်ကျော်