မြစ်ကြီးနားမြို့၌ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် စာပေဟောပြောပွဲ ကျင်းပ

မြစ်ကြီးနား ဇန်နဝါရီ ၄

မြစ်ကြီးနားခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ်စာကြည့် တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် စာပေဟောပြောပွဲကို မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ဘက်စုံသုံးခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကချင်ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအားဗျေ့(ခ)ဦးအေးမောင်က အဖွင့်အမှာစကားပြောကြားပြီး ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ စာရေးဆရာအကြီးကိုကို(ကသာ)က အကဲဖြတ်အမှတ်ပေးစည်း မျဉ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက်  မြစ်ကြီးနားခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ထက် က ဆုရရှိသူများစာရင်း ကြေညာပေးခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူး ညွှန်ကြားရေးမှူး၊ ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များက ဆုရရိုသူများအား ဆုချီးမြှင့်ပေးအပ်ခဲ့ကြပြီး စာရေးဆရာဇေယျာညီညီက ထိန်းသိမ်းစို့လေ လွတ်လပ်ရေး အမွေ ခေါင်းစဉ်ဖြင့် စာပေဟောပြောခဲ့သည်။

ယင်းနောက် ကျောင်းသားကျေားသူများက မြစ်ကြီးနားခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ (၇၄)နှစ်မြောက် အထိန်းအမှတ် စာအုပ် စာစောင်ပြပွဲအား လေ့လာဖတ်ရှုခဲ့ကြသည်။

 

ယော်ဆောင် (ပြန်/ဆက်)