မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် မိုးစပါးအထူးဇုံစိုက်ပျိုးသည့်တောင်သူများအား ဓာတ်မြေဩဇာများ ရောင်းချပေး

                     နတ်မောက်  ဇန်နဝါရီ    ၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် မိုးစပါးအထူးဇုံစိုက်ပျိုးသည့် တောင်သူများအား ဓာတ်မြေဩဇာများရောင်းချပေးခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ သည်။

နတ်မောက်မြို့နယ် ပ-လက္ခုပ္ပင်ကျေးရွာအုပ်စု၊ စရံအိုင့်ကျေးရွာနှင့် ပ-ဂွေးချိုကျေးရွာအုပ်စု၊ ပ-ဂွေးချို ကျေးရွာ များရှိ မိုးစပါးအထူးဇုံစိုက်ပျိုးသည့်တောင်သူ (၁၈၄)ဦးထံသို့ ယူရီးယားဓာတ်မြေဩဇာ အိတ် (၁၀၀)အား မြို့နယ်အဆင့်ဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီမှ ကြီးကြပ်၍ တောင်သူများလက်ဝယ်အရောက်  ဈေးနှုန်းချိူသာစွာဖြန့်ဖြူးရောင်းချပေးခဲ့သည်။ ထိုသို့ ရောင်းချခြင်းဖြင့် တောင်သူများသီးနှံအထွက်နှုန်တိုးတက်ရေး သွင်းအားစုထည့်သွင်းနိုင်ရန် ရည်ရွယ်၍ ရောင်းချ ပေးခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဓာတ်မြေဩဇာရောင်းချပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများနှင့်မြို့နယ် စိုက်ပျိုးရေး ဦးစီး ဌာနမှဦးစီးအရာရှိနှင့်ဝန်ထမ်း များတက်ရောက်ခဲ့ကြကြောင်းသိရသည်။

 သင်းသင်းမြတ်