ကွမ်းလုံ ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့၌ ဇန်နဝါရီလ (၄) ရက်နေ့ နံနက်(၄)နာရီ မိနစ်(၂၀)အချိန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားကို လွတ်လပ်ရေး ကျောက်တိုင်တွင် ကျင်းပခဲ့ရာ မြန်မာ့နိုင်ငံရဲတပ်ဖွဲ့မှ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အလံအား လွင့်ထူခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက နိုင်ငံတော်အလံအားအလေးပြုခဲ့ကြသည်။
ထို့နောက် နံနက်(၇)နာရီအချိန်တွင် ကွမ်းလုံမြို့ သံလွင်ဦးခန်းမ၌ (၇၄) နှစ်မြောက် လွတ်လပ်ရေး နေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲအားကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တက်ရောက်လာသူများ က နိုင်ငံတော်အလံအားအလေးပြုကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူးဦးသိန်းစိုးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၄) နှစ်မြောက် လွှတ်လပ်ရေးနေ့အထိမ်းအမှတ် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ထို့နောက် အထက်တန်းအဆင့် စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိသူအသီးသီးတို့မှ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အခန်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်း များ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက် ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကွမ်းလုံမြို့နယ်ရုံးမှ ဝန်ထမ်းများက တက်ရောက်လာသူများကို (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)