တိုက်ကြီးမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်း အားကစား ပြိုင်ပွဲ (ဗိုလ်လုပွဲ)နှင့် ဆုချီးမြှင့်ပွဲကျင်းပ

တိုက်ကြီး ဇန်နဝါရီ

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ()ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်  ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ (ဗိုလ်လုပွဲ) နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မန်နေ့ နံနက် နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းခရိုင်တိုက်ကြီးမြို့နယ်ရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ တင်းနစ်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကို (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲ ရွှင်ပွဲအဖြစ် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ ကိုယ်ကာယကြံ့ခိုင်စေရေး၊ စည်းလုံး ညီညွတ်စေရေးနှင့် အားကစားစိတ်ဓာတ်များ ရှင်သန်နိုးကြားရေးအတွက် ရည်ရွယ်၍ ဇန်နဝါရီလ ရက်နေ့မှ စတင်ကာ ကျင်းပခဲ့ခြင်းဖြစ်ပြီး မြို့နယ်ဌာနဆိုင်ရာများမှ အသင်း () သင်းဖြင့် အုပ်စု ပတ်လည်ပွဲများ၊ ဆီးမီးဖိုင်နယ်ပွဲနှင့် တတိယလုပွဲများကို အသီသီးယှဉ်ပြိုင်ကစားခဲ့ကြပြီး ဗိုလ်လုပွဲစဉ် သို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန အသင်းနှင့် မြို့နယ်လုံခြုံရေးတပ်ဖွဲ့ဝင် များအသင်းတို့ တက်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန အသင်းက ပထမ၊ မြို့နယ်လုံခြုံရေးတပ်ဖွဲ့ဝင်များအသင်းက ဒုတိယ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များအသင်းက တတိယနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အသင်းက စတုတ္ထဆုများ အသီးသီးဆွတ်ခူး ရရှိခဲ့ ကြသည်။

ထို့နောက် ဆုရရှိသူများအား တိုက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် တာဝန် ရှိသူများက ဆုများကို အသီးသီးချီးမြှင့်ခဲ့ရာ ပထမဆု ရရှိသည့်အသင်းအား ငွေကျပ် သုံးသိန်း၊ ဒုတိယဆု ငွေကျပ် နှစ်သိန်း၊ တတိယနှင့် စတုတ္ထဆုအတွက် ငွေကျပ်တစ်သိန်း ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲတွင် ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူများကိုလည်း ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)