ကျောက်ဆည် ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်မြို့၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျေးရွာ(၄)ရွာ အကျိုးပြုမည့် ကျေးရွာချင်းဆက်လမ်းအား မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှတာဝန်ယူပြီး ဂျင်းကျောက်မြေခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါလမ်း ကျေးလက်လမ်းအား ခွင့်ပြုရန်ပုံငွေကျပ်(၃၆.၅၆၀)သန်း အကုန်အကျခံကာ အရှည်(၂)မိုင် (၃)ဖာလုံ၊ အကျယ်(၁၈)ပေ၊ ထု(၄)လက်မအမြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက မြောင်းဦး၊ ကြက်ဆင်၊ ရန်ပုံနှစ်၊ ကျီးပြ ကျေုးရွာ(၄)ရွာမှ အိမ်ခြေ(၆၄၈) အိမ်၊ လူဦးရေ(၃၀၃၂)ဦးတို့၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး လုပ်ငန်းများ ပိုမိုအဆင်ပြေဖွံ့ဖြိုးတိုးတက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်ထုတ်ကုန်များ ဈေးကွက် အတွင်း အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ သယ်ယူနို်ငခြင်းဖြင့် ကျေးလက်နေ ပြည်သူများ၏ လူမှုဘဝပိုမို ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်လမ်းများအား အဆင့်မြှင့်တင် ပေးခြင်း၊ ကျေးလက်လမ်းများပေါ်ရှိ တံတားများအား ဘဏ္ဍာနှစ်အလိုက် ဆောက်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)