အမြို့မြို့အနယ်နယ်သတင်းများ

Jan 05,2022
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင် အလေးပြုပွဲ အခမ်းအနားကို ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် အ.ထ.က ကော့မှူးကျောင်းရှေ့တွင် မြို့နယ် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက နံနက် ၄ နာရီ မိနစ် ၂၀ တွင် ခရာမှုတ်၍ နိုင်ငံ‌တော်အလံတင်လွှင့်ထူပြီး သေနတ်ကိုင်မြှောက်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပြည်သူများနှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံတင်ခဲ့ပြီး ဦးညွတ်အလေးပြု ကြခဲ့သည်။
Jan 05,2022
ပြည်တောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၂ ခုနှစ် ဇန်နနဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် သဝဏ်လွှာဖတ်ကြားခြင်း၊ ဆုများပေးအပ်ခြင်း အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့အနော်ရထာခန်းမနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Jan 05,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ၁၄၄၅၁၉ ဦးထိုးနှံ ပေးခဲ့ပြီဖြစ်ကြောင်း  ညောင်ဦးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
Jan 05,2022
စစ်ကိုင်းမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်ခြင်းနှင့် အလေးပြုခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၄)နာရီ မိနစ်(၂၀)က ဗိုလ်ချုပ်ကြေးရုပ်အနီး ရွှေမင်းဝံပန်းခြံရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jan 05,2022
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယမန်နေ့နံနက် ၄နာရီ မိနစ် ၂၀ က လောက်ကိုင်မြို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲရုံး ရှေ့ကွင်းပြင်၌ ကျင်းပသည်။
Jan 05,2022
၂၀၂၂ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (၇၄)နှစ်‌မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင် အခမ်းအနား နှင့် အလံအလေးပြုခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၄ နာရီ၂၀ မိနစ်က ကျိုက်လတ် မြို့နယ် ပြည်သူ့အားကစားကွင်းရှိ လွတ်လပ်ရေး ကျောက်တိုက်ရှေ့၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးကျော်ဇေယျ၊ အဖွဲ့ဝင် ဗိုလ်မှူး ရဲမင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲ များ တက်‌ရောက်၍ နိုင်ငံတော်အလံကို အလေးပြုခြင်းနှင့် ကျဆုံးလေ ပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများနှင့်တပ်ဖွဲဝင် အပေါင်းတို့အားအလေးပြုခဲ့ကြသည်။
Jan 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးမှူးရုံးမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို  ဇန်နဝါရီလ ၄ ရက်နေ့ နေ့လယ်(၂) နာရီအချိန်က မြို့နယ်မီးသတ်စခန်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 05,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွမ်းလုံမြို့၌ မြို့တွင်းလမ်းများကောင်းမွန်ရေး အလေးထား ဆောင်ရွက်လျက်ရှိရာ ကွမ်းလုံမြို့နယ်စည်ပင်သာယာရေး ဦးစီးဌာန အနေဖြင့် ဒေသခံပြည်သူများ လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် မြို့တွင်းလမ်းများအား အဆင့် မြှင့်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။