ငပုတော ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်၌ (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်း တွင် ငပုတောမြို့ တောင်ပိုင်းရပ်ကွက် သိမ်တော်ကြီးလမ်းရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ နံနက် ၄ နာရီ မိနစ် ၂၀ တွင် ၂၀၂၂ ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကို ကျင်းပရာ မြို့နယ်ရဲတပ်ဖွဲ့မှ အလံတင်တပ်စုက နိုင်ငံတော်အလံကို လွှင့်တင်သည်။
ထို.နောက် နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကို နံနက် ၇ နာရီတွင် ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော ( ၇၄ ) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာ ကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်သူ ကဖတ်ကြားပြီးနောက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ စာစီစာကုံး ကဗျာ ပန်းချီ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်း များ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ မြို့ပေါ်ရပ်ကွက်များရှိ အုပ်ချုပ်ရေးအဖွဲ့ ရေးဝင်များနှင့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။
နုနုအေး