ကျောက်ပန်းတောင်း ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေ(၄)နာရီက မြို့နယ် အားကစားကွင်းတွင် ပြုလုပ်ခဲ့သည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို နံနက် (၈) နာရီမှ စတင်၍ မြို့နယ်အားက စားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ အားကစားပြိုင်ပွဲများတွင် မီတာ(၅၀)နှင့် မီတာ(၇၅) ကျားကြီး/ကျား လတ်၊ မကြီး/မလတ် အပြေးပြိုင်ပွဲများ၊ မီတာ(၁၀၀)(၂၀၀)(၄၀၀)(၈၀၀) ကျားကြီး/မကြီး အပြေးပြိုင်ပွဲများ၊ ကျားကြီး၊ မကြီး/ ကျားလတ်၊ မလတ် အမြင့်ခုန်၊ အလျားခုန်၊ သံလုံးပစ်၊ ခေါင်းအုံးရိုက်ပြိုင်ပွဲများ၊ ကျားငယ်၊ မငယ်များအတွက် အင်္ကျီရွေး၊ ဘိနပ်ရွေး၊ အိတ်စွပ် အပြေးပြိုင်ပွဲ၊ အာလူးကောက်နှင့် သံပုရာသီးဇွန်းကိုက်ပြိုင်ပွဲများကို ကျင်းပခဲ့ရာ၊ မြို့ပေါ်ရပ်ကွက် အသီးသီးမှ အားကစားဝါသနာရှင် လူငယ်များလာရောက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အားကစား ပြိုင်ပွဲ ဆုပေး ပွဲများကို ညနေ(၄)နာရီတွင် ဆက်လက်ကျင်းပရာ၊ ဆုပေးပွဲသို့ မြို့နယ်စီမံ အုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်၍ ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)