ဖျာပုံ ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ် ရေး နေ့ နိုင်ငံတော်အလံတင်ခြင်းနှင့် သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကို ဇန်နဝါရီလ (၄)ရက်နေ့ နံနက်ပိုင်းတွင် ဖျာပုံမြို့လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ကျင်းပ ပြုလုပ်သည်။
အဆိုပါ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်ခြင်းကို ယမန်နေ့ နံနက်(၄) နာရီ၊ မိနစ်(၂၀)အချိန်တွင်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှဦးဆောင်၍ အလံတင် အခမ်းအနားကို ဆောင်ရွက် ကြပြီး နံနက်(၇)နာရီအချိန်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော၂၀၂၂ ခုနှစ်(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့သဝဏ်လွှာအား၊ ဖျာပုံခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးနေဝင်းက ဖတ်ကြားသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။ အခမ်းအနားကိုကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်စည်းကမ်း ချက်များနှင့် အညီ ကျင်းပပြုလုပ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေပေး ခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်