သရက်ချောင်း ဇန်နဝါရီ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ် အခြေခံပညာအထက်တန်း ကျောင်း၀င်းအတွင်း (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန်နေ့ နံနက်(၈)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအားကစားပြိုင်ပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးထွေးနှင့် ၀န်ထမ်းများ၊ ဌာနဆိုင်ရာ၀န်ထမ်းများက အားပေးစကားပြောကြားပြီး အထက်တန်းအဆင့် အမျိုးသားလွန်ဆွဲပြိုင်ပွဲ၊ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲနှင့် ထိုးဆီထိုးပြိုင်ပွဲများ ကျင်းပခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို အသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
အေးနွယ်ဝင်း