အမြို့မြို့အနယ်နယ်သတင်းများ

Jan 06,2022
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၁၀)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ ကျင်းပရာတွင် မနောအက စုပေါင်းကခြင်းနှင့် ဌာနဆိုင်ရာများပြခန်းများ၊ ဂုဏ်ထူးဆောင် ဘွဲ့ တံဆိပ်များ အပ်နှင်းခြင်းအစီအစဉ်များဖြင့် ပြည်နယ်၏ အနှစ်သာရပြည့်ဝစွာ ကျင်းပပြုလုပ် နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၄ နာရီတွင် ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
Jan 06,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင်    စာပေချစ်မြတ်နိုးသူပြည်သူများ၊  စာပေဗဟုသုတရရှိစေရန်  ရည်ရွယ်၍   Online မှတစ်ဆင့်   အသိပညာပေး အစီအစဉ်များကို   စဉ်ဆက်မပြတ်  ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့နံနက်ပိုင်းက  စာရေးဆရာ လူထုစိန်ဝင်းရေးသားထားတဲ့ ပန်းတိုင်ကဘာလဲနှင့် အခြားဆောင်းပါးများ ”စာအုပ်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦစီးဌာန၊ ရုပ်သံကျွမ်းကျင်/၃ ဦးစောဝေါ်ကွောထူးက  စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်ကို   ရိုက်ကူးထုတ်လွှင့်  တင်ဆက်ခဲ့ကြောင်း   သိရသည်။
Jan 06,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Boo Club) နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာဖေမြင့် ရေးသားသည့် မူမုန်စိတ်၊ မူမုန်အတွေး၊ မူမုန်အကြံစာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ကြေး ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ 
Jan 06,2022
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ အသက်နှစ်လမှ တစ်နှစ်ခွဲအရွယ် ကလေး များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီက ရေနံချောင်းမြို့ ရွာသစ်ရပ်ကွက်ရှိ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 06,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ်ရေးကို ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ပူးပေါင်းပါဝင်နိုင်ရန်အတွက်ယနေ့ နံနက် (၈) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည်မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Jan 06,2022
ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲအတွက် ရည်ရွယ်၍ စခန်းသွင်းလေ့ကျင့်နေသည့် ကာယဗလ မောင်/မယ်များ၏ လက်ရည်စစ်ကာယဗလပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံခိုင်မှု အားကစားအဖွဲ့ချုပ်တွင် ကျင်းပခဲ့သည်။
Jan 06,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇ ပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၃ နာရီက မြို့ပေါ်ရပ်ကွက်များအနှံ့ အသံချဲ့စက်ဖြင့်  လိုက်လံနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။