နွားထိုးကြီးမြို့နယ် Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

နွားထိုးကြီး ဇန်နဝါရီ ၆

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Boo Club) နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာဖေမြင့် ရေးသားသည့် မူမုန်စိတ်၊ မူမုန်အတွေး၊ မူမုန်အကြံစာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့ဦးစီးမှူးဦးတင့်လွင်ဦးမှ စာဖတ်ဝိုင်း ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းပြပြီး အတွေးစာညွန့်များမှ ကိုယ့်ခရီးလမ်းမှ ဘေးသို့ဖဲ့ကာ၊ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Boo Club) အဖွဲ့ဝင် ဦးသန်လှမှ ပျော်ရွင်ဖွယ် နေ့ရက်များခေါင်းစဉ်ဖြင့် လည်းကောင်း၊ (Boo Club) အဖွဲ့ဝင် ဦးစိန်လှိုင်မှ အချိန်ကာလ မကျသေးမီခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ကြည်ကြည်စန်းမှ ကွေ့ကောက်သော လမ်းကလေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးနိုင်လင်းမှ ကိုယ်တွေ့ရသည့် အတိုင်းသာခေါင်းစဉ်ဖြင့်လည်းကောင်း မိမိတို့ဖတ်ရှုခဲ့သည့် စာရေးဆရာဖေမြင့်၏ မူမုန်စိတ်၊ မူမုန်အတွေး မူမုန်အကြံစာအုပ်ပါ အကြောင်းအရာများမှ နားလည်မှတ်သား ထားရှိမှုများကို နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့်အတူ တစ်ဦးချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်