Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ညောင်ဦးမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်မှု ၁၄၁၉၀ ဦးထိုးပေးပြီးဖြစ်
Jan 06,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်း အချိန်အထိ ၁၄၁၉၀ ဦးထိုးနှံပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင် အခြေခံပညာဦးစီးဌာန၊ ခရိုင်ပညာရေးမှူး ဒေါ်စုစုခင် (ဒုတိယညွှန်ကြားရေးမှူး) ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်
Jan 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ဖြစ်ပေါ်လေ့ရှိသော ရေကြီး ရေလျှံမှု မဖြစ်ပေါ်စေရန်၊ ရေစီးရေလာ ကောင်းမွန်စေရန်နှင့် ရေမြောင်းများ ပိတ်ဆို့မှုကြောင့်များ ပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ ရွာမအရှေ့ရပ်ကွက်ရှိက သွယ်ချောင်း အား ရေစီးရေလာကောင်းမွန်ရေး ယမန်နေ့ ညနေ့ပိုင်းက ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးရှိ ကျောက်ကပ်ဝေဒနာရှင်များအတွက် အလှူငွေများ ထောက်ပံ့ပေးအပ်
Jan 06,2022
မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် လစဉ်စဉ်ပုံမှန်ကျောက် ကပ်ဆေးကြော ကုသနေရသည့် ဝေဒနာရှင်များအတွက် ပခုက္ကူမြို့ပေါ်ရှိလူမှုရေး အသင်းအဖွဲ့များစုပေါင်း၍ ဇန်နဝါရီလ ၅ ရက် နံနက် ၁၀နာရီ အချိန်က ငွေကျပ်(၁၄)သိန်းထောက်ပံ့ပေးအပ်ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ညှိနှိုင်းဆွေးနွေး
Jan 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်တွင် အသက်(၄၀)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinnovac) ဆက်လက် ထိုးနှံပေးလျက်ရှိ
Jan 06,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၄၀)နှစ်နှင့်အထက် ပြည်သူ များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီက ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားလမ်းရှိ မိုးကောင်းဆုတောင်းပြည့် စေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမာန် တော်ကြီးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့တွင်ကိုဗစ်-၁ ၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ကရင်မြန်မာနှစ်ဘာသာဖြင့် ဆက်လက်ဆောင်ရွက်
Jan 06,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင်ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက နေ့စဉ်အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေန့နက်ပိုင်းက ကရင်မြန်မာနှစ်ဘာသာဖြင့်ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်တွင် Mask Campaign ဆောင်ရွက်
Jan 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဃ) ရပ်ကွက်၊ မေဓာဝီစျေးတွင် စျေးဝယ်/ စျေးရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်းနှင့် Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့ ပြည်သူ့စာကြည့်တိုက်တွင် အသိပညာပေးလုပ်ငန်းဖြစ်သော ပြည်သူ့စာကြည့်တိုက် Facebook Pag eမှတစ်ဆင့် အရည်အသွေးပြည့်မှီသော ပုံပြောအစီအစဉ် လွှင့်တင်နိုင်ရေ…
Jan 06,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့်အရည်အသွေးပြည့်မှီသည့် ပုံပြောအစီအစဉ်များ လွှင့်တင်ပေးနိုင်ရန် ယနေ့နံနက်(၁၀)နာရီအချိန်က ကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲအစီအစဉ် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23171
Page
23172
Page
23173
Page
23174
Current page
23175
Page
23176
Page
23177
Page
23178
Page
23179
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department