အမြို့မြို့အနယ်နယ်သတင်းများ

Jan 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ယူနစ်ပျောက်ဆုံးမှု လျော့နည်း ကျဆင်း​ရေးနှင့် Analog အိမ်သုံးမီတာများမှ Digitalမီတာများသို့ ပြောင်းလဲ တပ်ဆင်နိုင်ရေးအတွက် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် ယမန်နေ့ နံနက်ပိုင်းက သစ်ပင်၊သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
Jan 06,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၊ မြို့ရိုးတောင် ဝင်းလုံချောင်း၊ သံကူကွန်ကရစ်တံတား တည်ဆောက်ရာ၌ လယ်တောကြီးကျောင်းဆရာတော်၊ ရွာလုံးတောင် ကျောင်းဆရာတော်တို့မှ ဦးဆောင်ပြီး အများတကာ ကောင်းမှု ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jan 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သူအောင်နှင့် ဒု-လဝကမှူး ဒေါ်ဆူဇီ ဦးဆောင်သည့် ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်ရှိ ပြည်သူများအား ရပ်ကွက်ဓမ္မာရုံတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jan 06,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် မီးသတ်ဦးစီးဌာနသည် သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ရေပြင်အသက်ကယ်ရှာဖွေခြင်း၊ မီးလောင်မှုများ ငြိမ်းသတ်ခြင်းအပါအဝင် အထပ်မြင့် အဆောက်အဦများတွင် မီးလောင်မှုဖြစ်စဉ်များနှင့် ငလျင်လှုပ်ခတ်ခြင်းကြောင့် ပိတ်မိနေသော ပြည်သူများ၏ အသက်ကို ခေတ်မီနည်းပညာသုံးပ စ္စည်းများကို ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြုနိုင်ရေးအတွက် ဇတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Jan 06,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အတွင်း  ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင် ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့နံနက်ပိုင်းက ‌မြို့‌ပေါ်ရပ်ကွက်များသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​​ရေးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်​ခြင်းများ ဆောင်ရွက်ခဲ့​ကြသည်။
Jan 06,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြည်သူ့ဆေးရုံ၌ တရုတ်နိုင်ငံထုတ် (SINOPHARM) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက်ပိုင်းက ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jan 06,2022
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင်အကြောင်း အမျိုးမျိုးကြောင့် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရာ ယနေ့ နံနက်(၉)နာရီခွဲက အထက-၁ ပုလောမြို့တွင် အသက် (၁၂) နှစ်အထက် ကျောင်းသား/သူများကို ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jan 06,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို မြို့ပေါ်ရပ်ကွက်(၆) ခုနှင့် ကျေးရွာအုပ်စုအတွင်းရှိ အသက် ၁၈ နှစ်အထက် ပြည်သူတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယမန်နေ့နံနက်(၉)နာရီမှ စတင်၍ ထိုးနှံပေးကြောင်း သိရသည်။