ရေနံချောင်းမြို့ မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံပေး

ရေနံချောင်း ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ အသက်နှစ်လမှ တစ်နှစ်ခွဲအရွယ် ကလေး များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် နာရီက ရေနံချောင်းမြို့ ရွာသစ်ရပ်ကွက်ရှိ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်း ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းထွန်း ဦးဆောင်၍ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်ကေသီမော်နှင့် ဆရာမများက ငါးမျိုးစပ် ကာကွယ်ဆေး ဖြစ်သည့် ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင် အသားဝါ(ဘီ)-ဦးနှောက်အမြှေးရောင်ရောဂါ ကာကွယ်ဆေးနှင့် ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင် (ပီစီဗီ)ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးတို့ကို အသက် နှစ်လအရွယ်မှ တစ်နှစ်ခွဲအရွယ်ကလေး ငယ်များကို ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)