Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မင်္ဂလာဒုံ မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jan 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သူအောင်နှင့် ဒု-လဝကမှူး ဒေါ်ဆူဇီ ဦးဆောင်သည့် ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်ရှိ ပြည်သူများအား ရပ်ကွက်ဓမ္မာရုံတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြင်းမူ၌ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိ
Jan 06,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် မီးသတ်ဦးစီးဌာနသည် သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ရေပြင်အသက်ကယ်ရှာဖွေခြင်း၊ မီးလောင်မှုများ ငြိမ်းသတ်ခြင်းအပါအဝင် အထပ်မြင့် အဆောက်အဦများတွင် မီးလောင်မှုဖြစ်စဉ်များနှင့် ငလျင်လှုပ်ခတ်ခြင်းကြောင့် ပိတ်မိနေသော ပြည်သူများ၏ အသက်ကို ခေတ်မီနည်းပညာသုံးပ စ္စည်းများကို ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြုနိုင်ရေးအတွက် ဇတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Jan 06,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင် ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းလပ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jan 06,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြည်သူ့ဆေးရုံ၌ တရုတ်နိုင်ငံထုတ် (SINOPHARM) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက်ပိုင်းက ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jan 06,2022
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင်အကြောင်း အမျိုးမျိုးကြောင့် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရာ ယနေ့ နံနက်(၉)နာရီခွဲက အထက-၁ ပုလောမြို့တွင် အသက် (၁၂) နှစ်အထက် ကျောင်းသား/သူများကို ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခိုလမ်မြို့တွင် အသက်-၁၈ နှစ်အထက် ပြည်သူတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကို ဒုတိယအကြိမ် ထိုးနှံပေး
Jan 06,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို မြို့ပေါ်ရပ်ကွက်(၆) ခုနှင့် ကျေးရွာအုပ်စုအတွင်းရှိ အသက် ၁၈ နှစ်အထက် ပြည်သူတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယမန်နေ့နံနက်(၉)နာရီမှ စတင်၍ ထိုးနှံပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် မနောအက၊ ပြခန်းများနှင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် များချီးမြှင့်အပ်နှင်းခြင်း အစီအစဉ်များအပါအဝင် အနှစ်သာရပြည့်ဝစွာ ကျင်းပပြုလုပ…
Jan 06,2022
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၁၀)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ ကျင်းပရာတွင် မနောအက စုပေါင်းကခြင်းနှင့် ဌာနဆိုင်ရာများပြခန်းများ၊ ဂုဏ်ထူးဆောင် ဘွဲ့ တံဆိပ်များ အပ်နှင်းခြင်းအစီအစဉ်များဖြင့် ပြည်နယ်၏ အနှစ်သာရပြည့်ဝစွာ ကျင်းပပြုလုပ် နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၄ နာရီတွင် ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်းအစီအစဉ်ဆောင်ရွက်
Jan 06,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူပြည်သူများ၊ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက စာရေးဆရာ လူထုစိန်ဝင်းရေးသားထားတဲ့ ပန်းတိုင်ကဘာလဲနှင့် အခြားဆောင်းပါးများ ”စာအုပ်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦစီးဌာန၊ ရုပ်သံကျွမ်းကျင်/၃ ဦးစောဝေါ်ကွောထူးက စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်ကို ရိုက်ကူးထုတ်လွှင့် တင်ဆက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23177
Page
23178
Page
23179
Page
23180
Current page
23181
Page
23182
Page
23183
Page
23184
Page
23185
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department