လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်တွင်  Online မှတစ်ဆင့်  စာအုပ်မိတ်ဆက်ခြင်းအစီအစဉ်ဆောင်ရွက်

လိပ်သို   ဇနန်နဝါရီ   ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင်  စာပေချစ်မြတ်နိုးသူပြည်သူများ၊  စာပေဗဟုသုတရရှိစေရန်  ရည်ရွယ်၍   Online မှတစ်ဆင့်   အသိပညာပေး အစီအစဉ်များကို   စဉ်ဆက်မပြတ်  ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့နံနက်ပိုင်းက  စာရေးဆရာ လူထုစိန်ဝင်းရေးသားထားတဲ့ ပန်းတိုင်ကဘာလဲနှင့် အခြားဆောင်းပါးများ ”စာအုပ်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦစီးဌာန၊ ရုပ်သံကျွမ်းကျင်/၃ ဦးစောဝေါ်ကွောထူးက  စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်ကို   ရိုက်ကူးထုတ်လွှင့်  တင်ဆက်ခဲ့ကြောင်း   သိရသည်။

ကိုဗစ်-၁၉ရောဂါ  ဖြစ်ပွားနေသည့်ကာလအတွင်း   မြို့ရုံးပြည်သူ့စာကြည့်တိုက်သို့  မလာရောက်နိုင်သည့်   စာဖတ်ပရိသတ် ပြည်သူများနှင့်  ကျောင်းသားကျောင်းသူ၊ သားငယ်သမီးငယ် လေးများအတွက်   စာပေဗဟုသုတ   ရရှိစေရန်ရည်ရွယ်၍   မြို့ဦးစီးမှူးနှင့်  ဝန်ထမ်းများက   Online မှတစ်ဆင့်  သုတ/ရသ စာအုပ် မိတ်ဆက်အစီအစဉ်၊  ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြောခြင်း အစီအစဉ် ကဗျာလေးတွေ  ရွတ်ကြမယ်  အစီအစဉ်၊ စက္ကူအရုပ်ခေါက်  အစီအစဉ်များကို    စဉ်ဆက်မပြတ်  လိပ်သိုမြို့ပြည်သူ့စာကြည့်တိုက်   Page မှတစ်ဆင့်  တင်ဆက်  ပေးလျက်ရှိ ကြောင်း   သိရသည်။

မြို့(ပြန်/ဆက်)