အမြို့မြို့အနယ်နယ်သတင်းများ

Jan 06,2022
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဗန်းမော်မြို့နယ်စာကြည့်တိုက်ကော်မတီမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ဆွေးနွေးပွဲကို ယန့နံနက် ၁၀ နာရီကဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 06,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ တာဝန် ရှိသူများက သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ ပြုလုပ်ပေးနိုင်ရေး၊ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက်မှု (၈၂.၁၆) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Jan 06,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ဆင်ထိုးကြီးကျေးရွာအုပ်စု၊ ဆင်ထိုးကြီးကျေးရွာ၌ ပုလောမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျင်းပ ပြုလုပ်သော  ၂၀၂၁-၂၀၂၂ခု၊ ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လပတ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ “အမျိုးသမီးအခြေခံ အပ်ချုပ်စက်(၂)လသင်တန်း၊ အမှတ်စဉ်” (၂/၂၀၂၂)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆင်ထိုးကြီးကျေးရွာ၊ အုပ်ချုပ်ရေး မှူးရုံးဟောင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Jan 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် မြို့နယ်ကျေးလက်ဦးစီးဌာနမှ ဦးစီး၍ ၂၀၂၁-၂၀၂၂ ခု၊ (၆)လ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြု အခြေခံကွန်ပျူတာ သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် မြို့နယ်ကျေးလက် ဦးစီးဌာနရုံး၌ ပြုလုပ်သည်။
Jan 06,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ဒေသခံပြည်သူများမှ တောင်ယာလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းတစ်ခုအဖြစ် လုပ်ကိုင်ကြပြီး တောင်ယာသီးနှံအဖြစ် ငရုပ်သီးများသည်ယခုနှစ်တွင် ပိုမို၍စျေးကောင်းရရှိကြောင်း သိရသည်။
Jan 06,2022
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပုဂ္ဂလိကမူကြိုကျောင်းများကို ပြန်လည်ဖွင့်လှစ် သင်ကြားနေပြီဖြစ်၍ ယမန်နေ့ ၁၀ နာရီခွဲက Kinder Garden Pre-School (အကြင်နာ ဥယျာဉ်မူကြို)တွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထားရှိမှု အခြေအနေကို မြို့နယ်လူမှု ဝန်ထမ်း ဦးစီးဌာန တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
Jan 06,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယတွင် စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဆီထွက်သီးနှံမျိုးစုံ (၆၆၃၈) ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ (၂၁၉၆) ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။