အမြို့မြို့အနယ်နယ်သတင်းများ

Jan 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် ကြီးကြပ်မှု ဖြင့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးရသေးသူများကို ပထမအကြိမ်နှင့် ပထမအကြိမ်ထိုးပြီးသူများကို ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ငါးထပ်ကြီးဘုရားရင်ပြင်တော်တွင် ဆက်လက်ထိုးနှံပေး ခဲ့ကြောင်း သိရသည်။
Jan 06,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ အမှတ်(၁) ရပ်ကွက်တွင်ရှိသည့် မြို့မဈေးအား ကာလိမြို့မဈေးကော်မတီအဖွဲ့မှ ဈေးတွင်း ရောင်း/ဝယ်နေကြသည့် ပြည်သူများတို့ကို ဦးဆောင်ပြီး မြို့မဈေးဆိုင်းဘုတ်အသစ် တပ်ဆင်ခြင်းဆောင်ရွက်ရာတွင် ယနေ့ နံနက် (၈) နာရီခန့်က ဆိုင်းဘုတ်အသစ် တပ်ဆင်ခြင်းအခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 06,2022
ကရင်ပြည်နယ်၊ ဘားအံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူ စေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှုအဆင်‌ ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်တွင် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ်(၃၅.၁၅၀)သန်း ဖြင့် ဘားအံမြို့၊ အမှတ်(၇)ရပ်ကွက်၊ ရှင်စောပုလမ်းတွင် ကွန်ကရစ်လမ်းလုပ်ငန်း ဆောင်ရွက်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ပထမအပတ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
Jan 06,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ စေတနာ့ရှင် ပြည်သူများ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်မှု ခံရပြီးနောက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ တစ်ဦး၏ ရင်တွင်းစကားသံ များအသံအချို့ကို ဖော်ပြပေးလိုက်ပါတယ်-
Jan 06,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် အခြေခံပညာကျောင်းများရှိ ကျောင်းသား/ သူများအား ပထမအကြိမ် အရည်အချင်းစစ် စာမေးပွဲများ ဖြေဆိုခြင်းကို ဇန်နဝါရီလ (၅)ရက်နေ့ နံနက် (၉) နာရီ အချိန်က စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
Jan 06,2022
ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်‌နိုင်ရေးအတွက်‌ ရန်ကုန် တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်အတွင်းသွားလာ‌ နေကြသူများအနေဖြင့် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း ရှိ၊ မရှိစစ်ဆေးခြင်းနှင့် နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသူများအား နှာ‌ခေါင်းစည်း (Mask) များအခမဲ့ ဖြန့်ဝေခြင်းကို ယနေနံနက်က တောင်ပိုင်းရပ်ကွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ အသိပညာပေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။
Jan 06,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ တောင်သူများအား ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ၂၀၂၁ ခုနှစ် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေအား မြို့နယ်သီရိမင်္ဂလာဓမ္မာရုံ၌ ယမန်နေ့ နေ့လယ် ၁ နာရီခွဲက စတင် ထုတ်ချေးပေးခဲ့သည်။
Jan 06,2022
လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ် မြို့နယ်ဦးစီးမှူး ဦးမောင်မောင်လွင်နှင့် ဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီအချိန်က ကတွဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။