အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်း များနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူရှင်များက အလှူငွေများ လာရောက်လှူဒါန်း

ရန်ကုန် ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်လျက်ရှိကာ ယမန်နေ့က အလှူရှင်များက အသင်းရုံးသို့ အလှူငွေများ လာရောက်လှူဒါန်း ခဲ့သည်။

အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများနှင့် သေဆုံးပြီးသူများအား အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေး ကူညီမှုအသင်းနှင့် တာဝန်ရှိသူများက ခေါ်ယူပို့ဆောင်ပေးလျက်ရှိရာ လိုအပ်သည့် နေရာများတွင် အသုံးပြု နိုင်ရန်အတွက် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ ချစ်မေတ္တာလမ်းနေ ဦးတင်မြင့်+ ဒေါ်မေသီဆွေ မိသားစုမှ အလှူငွေကျပ်(၁၀)သိန်းနှင့် အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ သီရိမင်္ဂလာလမ်းသွယ်နေ ကွယ်လွန်သူ မိခင်ကြီး(ဒေါ်ခင်သန်း)အား ရည်စူး၍ ကျန်ရစ်သူမိသားစုမှ အလှူငွေကျပ် (၁) သိန်းတို့ကို အသီးသီး လာရောက်လှူဒါန်းရာ စိန်ရတနာနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)