စုကလိ ဇန်နဝါရီ ၆
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ဒေသခံပြည်သူများမှ တောင်ယာလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းတစ်ခုအဖြစ် လုပ်ကိုင်ကြပြီး တောင်ယာသီးနှံအဖြစ် ငရုပ်သီးများသည်ယခုနှစ်တွင် ပိုမို၍စျေးကောင်းရရှိကြောင်း သိရသည်။
စုကလိမြို့ ရှိတောင်ယာစိုက်ပျိုးသူများအနေဖြင့် ရေခံမြေခံကောင်းသောကြောင့် ငရုပ်သီးများအား တစ်နှစ်ပတ်လုံးတွင် နှစ်ကြိမ်ခန့် စိုက်ပျိုးနိုင်ပြီး ခူးဆွတ်ချိန် အခြောက်လှမ်းချိန်များတွင် ယခုနှစ်သည် ငရုပ်သီးစျေး ယခင်နှစ်ထက်ပို၍ရရှိကြောင်း ယခင်နှစ်တွင် တစ်ကီလိုလျှင် ထိုင်း ဘတ်ငွေ(၁၀၀) ဘတ်သာရရှိရာမှယခုနှစ်တွင် တစ်ကီလိုဘတ်(၁၉၀) အထိစျေးကောင်းရရှိ ကြောင်း တောင်ယာစိုက်တောင်သူတစ်ဦးဖြစ်သည့် ဦးစောကျေးထူးထံမှ သိရသည်။
ပိုပိုအောင်