အမြို့မြို့အနယ်နယ်သတင်းများ

Jan 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့မွန်းလွဲ ၁နာရီခန့်က မကူးစက်တတ်သော ရောဂါများအား စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်
Jan 06,2022
မွန်ပြည်နယ် ရေးမြို့နယ် တူးမြောင်းကျေးရွာရှိ ကျိုက်ဒေတမော့ဗရတ်သာသနာပြုဌာန ဆရာတော် ဘဒ္ဒန္တပုပ္ဖရမ္မ ဦးဆောင်မှုဖြင့် ဆောက်လုပ်နေသည့် အာယုကရုဏာဘိုးဘွားရိပ်သာ ကြိုဆိုဧည့်ခံဆောင် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲ က တူးမြောင်းကျေးရွာအနီး ရေး-မော်လမြိုင် လမ်းမကြီး၊ လေယာဉ်ကွင်းဟောင်းရှေ့ အဆိုပါ ဆောက်လုပ်မည့်မြေနေရာ၌ ဆောင်ရွက်ခဲ့သည်။
Jan 06,2022
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များကို ပိုမိုသိရှိလိုက်နာနိုင်ရန်ရည်ရွယ်၍ ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည် အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ ညနေ (၄)နာရီအချိန်၌ တောင်းပိုင်းရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။
Jan 06,2022
တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးဘောလုံးအားကစ ကားသမားများအား တွေ့ဆုံအားပေးပွဲအခမ်းအနားကို ယနေ့ညနေ(၄)နာရီတွင် နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပေါင်းလောင်းအားကစားခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
Jan 06,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မီးလောင်မှု၊ မီးလန့်မှုများနှင့် မီးဘေးအန္တရာယ်များမဖြစ်ပေါ်စေ ရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ ၅ နာရီက ကျောက်ဖြူမြို့နယ် မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးကောင်းထက်ကျော် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ် ရပ်ကွက်များသို့လှည့်လည်၍ နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 06,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်​ရေး သင်တန်းဖွင့်ပွဲကို ဇန်နဝါရီလ ၆ ရက် နံနက်ပိုင်းက ရေတာရှည်မြို့ တောင်သူ လယ်သမားသင်တန်း​ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 06,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော လူမူရေးပင်စင်ကို ယနေ့နံနက် ၁၁ နာရီအချိန် က ဟုမ္မလင်းမြို့ပေါ်ရပ်ကွက်ရှိ ဘိုးဘွား(၃၄)ဦးအား အိမ်တိုင်ရာအရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Jan 06,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀:၀၀)နာရီအချိန် က မသန်စွမ်းသူများအခွင့်အရး ဆိုင်ရာ အသိပညာပေး Talk Show ကျင်းပခဲ့ကြောင်း သိရသည်။